winter_amara

ချစ်ခဲ့ပါသည် သို့သော်လေးအပိုင်းသစ်တင်ထားပါပြီဗျ🤎

winter_amara

စာဖတ်သူများသို့...
          
          အခုတစ်လော စာမရေးဖြစ်တာဟာ စာရေးချင်စိတ်မရှိတော့လို့၊ စာရေးခြင်းကို စွန့်လွှတ်လိုက်လို့ မဟုတ်ပါဘူး။ ကိုယ်ပိုင်ဘဝနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊အလုပ်ကိစ္စတွေကြောင့် စာရေးဖို့ အချိန်မပေးနိုင်သေးတာပါ။ ရေးချင်တဲ့စိတ်တွေလည်း ရှိနေသေးသလို ဆက်ရေးဖို့ စိတ်ကူးတွေလည်း အများကြီး ရှိနေပါသေးတယ်။
          
          ကိုယ်ဟာ စာရေးသူတစ်ယောက်ဖြစ်ပေမဲ့ စာရေးခြင်းတစ်ခုတည်းနဲ့ အသက်ရှင်နေနိုင်တဲ့ လူမျိုးမဟုတ်ပါဘူး။ ကိုယ်ပိုင်ဘဝ ရှိသလို တာဝန်ယူရတာတွေလည်း ရှိပါတယ်။ အမြဲတမ်း စာတွေရေးနေနိုင်ဖို့ဆိုတာလည်း တကယ်ကိုမလွယ်ကူပါဘူး။
          
          စာဖတ်သူတွေကို တစ်ခုတော့ ပြောချင်ပါတယ်။ ကိုယ် ပြန်လာခဲ့မှာပါ။ အခုခဏတာ အနားယူနေခြင်းဟာ ထာဝရနှုတ်ဆက်ခြင်းမျိုး မဟုတ်ပါဘူး။ အချိန်တစ်ခုရောက်ပြီးနဲ့ အခြေအနေတွေအဆင်ပြေလာတဲ့အခါ ကိုယ်ချစ်မြတ်နိုးရတဲ့ ကမ္ဘာငယ်လေးဆီ အပြေးပြန်လာခဲ့မှာပါ။
          
          ဒီအချိန်အထိ စောင့်မျှော်ပေးပြီး နားလည်ပေးကြတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ကိုယ် ခများတို့ကိုမေ့ထားတာမဟုတ်ပါဘူး။ Ficလေးလည်း မပြီးသေးတာသိပါတယ်။ ပြန်လာတဲ့အခါ အရင်ထက် ပိုကောင်းတဲ့ ဇာတ်လမ်းလေးတွေ၊အရေးအသားလေးတွေနဲ့ ပြန်ဆုံကြရအောင်နော်။
          
          အချိန်ရတာနဲ့ စာတွေရေးပြီး တင်ပေးသွားပါမယ်။
          
          စာဖတ်သူအားလုံးကို ချစ်ပါတယ်။ကျန်းမာရေးလည်း ဂရုစိုက်ကြပါ။
          
          Winter_Amara🍀

luv_somi

@winter_amara စောင့်နေပါ့မယ်🫶
• Reply

winter_amara

To My Beloved Readers,
          
          ၁၁.၁၁.၂၀၂၆၊ ၁၁ နာရီ ၁၁ မိနစ်။
          
          ဒီနေ့လေးက ထူးခြားတဲ့နေ့လေးတစ်နေ့ဖြစ်သလို ကိုယ်တို့အားလုံးအတွက် အမှတ်တရလေးတစ်ခုလည်း ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။
          
          ကိုယ်ရေးသားခဲ့တဲ့ စာမျက်နှာလေးတွေကြားမှာ မင်းတို့ရဲ့အချိန်တွေ၊ ခံစားချက်တွေ၊ ရယ်မောသံတွေနဲ့ မျက်ရည်တွေကို ချန်ထားခဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
          
          တစ်ခါတလေ ကိုယ်ရေးတဲ့စာတွေက မပြည့်စုံနိုင်ဘူး။ ဇာတ်ကောင်တွေကလည်း မင်းတို့မျှော်လင့်သလို အမြဲတမ်းပြုမူနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီမပြည့်စုံတဲ့ စာမျက်နှာလေးတွေကိုတောင် အချိန်ပေးဖတ်ရှုပေးကြတဲ့ မင်းတို့ကိုတော့ ကိုယ်တကယ်တန်ဖိုးထားပါတယ်။
          
          တချို့နေ့တွေမှာ မင်းတို့က ကိုယ်ရေးတဲ့ဇာတ်လမ်းကို ဖတ်နေကြပေမဲ့ ကိုယ်မသိလိုက်တဲ့အချိန်မှာပဲ မင်းတို့ရဲ့စကားလေးတွေက ကိုယ့်ကိုယ်တိုင်အတွက် အားပေးမှုတစ်ခု ဖြစ်လာခဲ့တယ်။
          
          စာရေးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေကို ဖန်တီးနိုင်တာထက် အဲ့ဒီဇာတ်လမ်းတွေကို ရင်ထဲထိရောက်အောင် လက်ခံပေးမယ့်သူတွေ ရှိနေတာက ပိုပြီးအဖိုးတန်ပါတယ်။
          
          ဒါကြောင့် ဒီနေ့လေးမှာ ကိုယ်ပြောချင်တာက...
          
          မင်းတို့အားလုံး ကမင်းတို့ဘဝရဲ့ဇာတ်လမ်းထဲမှာလည်း ပျော်ရွှင်စရာတွေ အများကြီး ပိုင်ဆိုင်နိုင်ကြပါစေ။ ဝမ်းနည်းစရာအခန်းတွေ ရှိလာခဲ့ရင်လည်း အဲ့ဒီအခန်းမှာပဲ ရပ်မနေကြပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးဖို့၊ တန်ဖိုးထားပေးဖို့နဲ့ ပျော်ရွှင်မှုလေးတွေကို ရှာဖွေဖို့ မမေ့ကြပါနဲ့။
          
          ကိုယ်တို့ရဲ့ နောက်ထပ်တွေ့ဆုံမှုတွေဟာလည်း စာမျက်နှာအသစ်တွေလို လှပနေပါစေ။
          
          ကိုယ်ရေးတဲ့စာတွေကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တို့ရဲ့ဇာတ်လမ်းလေးတွေထဲမှာသာမက မင်းတို့ရဲ့လက်တွေ့ဘဝတွေထဲမှာပါ အမြဲတမ်းပျော်ရွှင်နေနိုင်ကြပါစေလို့ ကိုယ်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
          
          With love,
          
          Winter_Amara🍀

winter_amara

@winter_amara တစ်မိနစ်နောက်ကျသွား😭
• Reply

winter_amara

Happy birthdayပါလူဆိုးလေးရေ
          
          ဘာလိုလိုနဲ့ ကိုယ့်ကလေးလေးတောင် အသက်၂၂ပြည့်သွားပြီနော်။ မွေးနေ့မှာ ကုသိုလ်ကောင်းမှုများများလုပ်နော်။မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံပါစေနော်။အခက်အခဲတိုင်းကို အလွယ်တကူကျော်လွှားနိုင်ပါစေဗျာ။ မိသားစုနဲ့လဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေနော်။ လိုချင်တာမှန်သမျှ မတောင်းပဲရပါစေဗျာ။လူဆိုးလေးအနားကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတဲ့သူများ သူ့အလိုလို အဝေးရောက်သွားပါစေနော်။ စိတ်ဆိုး ဒေါသထွက်စရာများမကြုံပါစေနဲ့ဗျာ။ မလိမ်မာလဲ ချစ်တယ်နော်။ မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။ မွေးနေ့ကနေစပြီး စိတ်မချမ်းသာစရာကိစ္စတွေမကြုံရပါစေနဲ့ဗျာ။

winter_amara

ချစ်ခဲ့ပါသည် သို့သော်လေးအပိုင်းသစ်တင်ထားပါပြီ၊ ficအသစ်လေးလဲတင်ထားတာမလို့ အားပေးကြပါဦးဗျ🤎